လူသားတိုင်းဟာ စိတ်ဖိစီးမှု ကြားထဲမှာ နေထိုင်နေကြ ရပါတယ်။
ဥပမာ။ ကျောင်းစာဖိစီးမှု ၊ အလုပ်ဖိစီးမှု စသည့်ဖြင့်ပါ။ ထို စိတ်ဖိစီးမှု ကို ဘယ်နေရာ ဘယ်အချိန် ပဲဖြစ်ဖြစ် ဖြေဖျောက်နိုင် သည့် နည်းလမ်းတစ်ခု ကို ဖော်ပြလိုက် ပါတယ်။
ပထမဦးဆုံး ဘာပဲလုပ်နေ လုပ်နေ ခေတ္တ အနားယူပြီး မျက်နှာသစ် လိုက်ပါ။
ဒုတိယ အနေဖြင့် လက်ခုတ် ထဲမှ ရေကို ပါးစပ်ထဲထိ မ ရောက်အောင်(နှခေါင်းထိရောက်အောင်) ရှူ ပေးပါ။
ပြီးလျှင်ပြန်ထုတ် ၍ ၂ ခေါက်၊ ၃ ခေါက် လောက် ပြုလုပ် ပါ။
သိသာစွာ စိတ်ဖိစီးမှု လျော့ကျသွားပါလိမ့် မယ်။ ပြီးမှ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်နိုင် ပါပြီ။
ဒီ နည်းက စိတ်ဖိစီးမှု အလွန် များပြီး မလုပ်မဖြစ် လုပ်မှ ရမဲ့ လူ တွေအတွက် တော်တော် အသုံးဝင် ပါလိမ့်မယ်။
ဥပမာ။ စာအလွန် ကြိုးစား သော(စာမေးပွဲနီးသော)လူငယ်များ ၊ စိတ်ဖိစီးမှု အလွန် များသော စီးပွားရေးသမားများ ၊ အလုပ်နှင့်လက်မပြတ် သော အိမ်ရှင်မ များ ဖြစ်ပါတယ်။
ဒီနည်းကောင်းလေး ကို သူငယ်ချင်း တစ်ယောက်ဆီ က ရတာပါ။
စိတ်ဖိစီးမှု နှင့် သောကများ ကို ရယ်စရာများ နှင့် ဖြတ်သန်းနိုင် ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။